ကဗျာကဏ္ဍမှာ ပထမဆုံးပို့စ်အနေနဲ့ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကဗျာအပေါ်အမြင်လေးနဲ့ စဖွင့်ပေးလိုက်ပါတယ်။
ဒေါ်စု က “ကျွန်မ က ကဗျာဆရာမဟုတ်ပါဘူး။ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုးတန်ဖိုးထားသူ တစ်ယောက်အနေနဲ့ပဲ ကဗျာပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့ ရေးလိုက်ပါတယ်။ကဗျာဆိုတာ ......
လူ့စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ၊
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊
လူ့စိတ်ဓာတ်ရဲ့မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ....
ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။”လို့ ချစ်စဖွယ် ဟစ်ကြွေးပြခဲ့ပါတယ်။

0 Comments so far »
Leave a comment